What's new

×

Warning

JUser: :_load: Unable to load user with ID: 845


`Harajuku (သို့) လူငယ်ဖက်ရှင်မြို့တော်လေးဆီသို့ ခဏတာ ပြန်လည်လွမ်းဆွတ်တမ်းတမိခြင်း ´

`Harajuku (သို့) လူငယ်ဖက်ရှင်မြို့တော်လေးဆီသို့ ခဏတာ ပြန်လည်လွမ်းဆွတ်တမ်းတမိခြင်း ´ facebook

ဖက်ရှင်အကြောင်း ပြောတော့မယ်ဆို ဘယ်တော့မှ ချန်လှပ်ထားလို့ မရတဲ့ ဖက်ရှင်ရေစီးကြောင်းတွေထဲက တစ်ခုကတော့ တိုကျိုက ဖက်ရှင်ဒီဇိုင်းတွေအကြောင်းပါ။ တိုကျိုမှာ Street Wear နဲ့ ပတ်သက်ပြီး တကမ္ဘာလုံးမျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နေရာကတော့ လူငယ်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Harajuku ဆိုတဲ့နေရာလေးပါပဲ။

မေသော် ဟိုးလွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်လောက်တုန်းက ဂျပန်ကို Youth Camp အစီအစဉ်လေးနဲ့ တစ်ခေါက်သွားခဲ့ရပါတယ်။ အဲ့ဒီတုန်းက ဂျပန်ကအထင်ကရ နေရာတော်တော်များများကို အဖွဲ့အစည်းက လိုက်ပို့ပေးခဲ့တာကြောင့် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ အလေ့အထတွေ၊ လူနေမှုအဆင့်အတန်း စတာတွေကို လေ့လာခွင့်ရခဲ့တယ်ဆိုပါတော့။ ဖူကူရှီးမားမှာလည်း မေသော် Home Stay သွားနေခဲ့ရသေးတာကိုး။ ဒီတော့ တိုကျိုသာမက နယ်က လူတွေရဲ့ ဖက်ရှင်တွေကိုပါ မေသော်လေ့လာခွင့်ရခဲ့တယ်။

20994348 1378464205606982 7028239126969101888 n21032468 1378464128940323 7423623084322263975 n21078542 1378464055606997 1879233815470281001 n

ဖက်ရှင်ကတော့ ကိုယ်စိတ်ဝင်စားလို့သာ ကိုယ်လေ့လာကြည့်ခဲ့တာပါ။ ဒီလိုနဲ့ နယ်ကနေ Home Stay နဲ့ လေ့လာရေးတွေအပြီး တိုကျိုကို ပြန်ရောက်တော့ နေ့လည်ဘက်တွေမှာ မေသော်အဖွဲ့အစည်းနဲ့အတူ presentation တွေ အုပ်စုလိုက် ဆွေးနွေးတာမျိုးတွေ ဟိုတယ်မှာ လုပ်ရပေမယ့် ညနေဘက်ဆို အားပြီရှင်။ ဒီတော့ မေသော် သိပ်ရောက်ဖူးချင်တဲ့ လူငယ်မြို့တော်ကို အဖွဲ့အစည်းက မပို့ပေးပေမယ့် ဂျပန်ကသူငယ်ချင်းကိုခေါ်ပြီး အဲ့ဒီကို လိုက်ပို့ခိုင်းခဲ့ပါတယ်။ မေသော်တို့ တည်းတဲ့ဟိုတယ်က Odiaba မှာမို့ အဲ့ဒီကို ရထားနဲ့ နှစ်ဦးသားသွားခဲ့ကြပါတယ်။

21078298 1378463945607008 4645886068880153914 n21077332 1378463965607006 5627582343852612131 n

ပြောချင်တာက ခုမှစမှာပါ။ မေသော် Harajuku ကို ရောက်တော့ တိုကျိုမှာမှ နေရာသစ်ကြီးတစ်ခုကို ရောက်သွားသလို ပါးစပ်အဟောင်းသား ဖြစ်သွားမိပါတယ်။ ဘယ်နေရာကိုကြည့်ကြည့် လူငယ်တွေချည်းပဲလို့ ခံစားရတဲ့အပြင် ဖက်ရှင်တွေကလည်း တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ဆင်ယင်ထားလိုက်တာများ ဘေးက သူငယ်ချင်းကတောင် မေသော့်ကို အဲ့လောက်လိုက်မကြည့်နဲ့လေ လို့ တားရတဲ့အထိပါပဲ။ Boot အမြင့်ကြီးတွေဝတ်ပြီး ဆံပင်တွေ ရောင်စုံဆိုးထားတာကြည့်မလား။ ပန့်ခ်ဖက်ရှင်ဒီဇိုင်းမျိုးတွေ ဝတ်ပြီး ဆံပင်ကို One Way ထားထားတာကြည့်မလား။

21105422 1378463995607003 997143819707529550 n21078311 1378464032273666 617076560135101553 n

ဂွကျကျ ဘောင်းဘီအမိုက်စားတွေကို အပေါ်က တီရှပ်အမိုက်စားတွေနဲ့ တွဲဝတ်ပြီး ဆံပင်အလဲကွဲနဲ့ ဘဲလေးတွေကိုပဲ ကြည့်မလား။ ညဘက် မီးရောင်စုံတွေကြား Harajuku ဟာ တကယ့်ကို တောက်ပခမ်းနားလွန်းနေတာပါ။

အဲ့ဒီက ဈေးဆိုင်တန်းတွေနဲ့ စည်ကားလှတဲ့ လမ်းသွယ်လေးထဲမှာဆို ဖက်ရှင်ဆိုင်တွေ၊ accessory ဆိုင်ခန်းတွေနဲ့ ပြည့်နေပြီး လူငယ်တွေကလည်း ကြိတ်ကြိတ်တိုးကို ဝယ်နေကြတာပါ။

ကိုယ်တွေမှာတော့ ဆိုင်ခန်းထဲက အဝတ်အစားတွေကို ငမ်းရတာ တစ်မျိုး၊ ဆိုင်ထဲက ကျောင်းသူအုပ်စုလေးတွေရဲ့ ဖက်ရှင်၊ အခြား shopping ထွက်လာကြတဲ့ လူငယ်တွေရဲ့ ဖက်ရှင်ကို ငေးရတာ တစ်မျိုးနဲ့ လည်ပင်းတွေတောင် တကယ်နာပါတယ်။ အဝတ်အစားတွေက မြန်မာငွေနဲ့ ပြန်တွက်ရင် ဈေးကြီးလွန်းနေတာ ကြောင့် အဲ့ဒီဆိုင်တွေမှာတော့ မေသော် ဘာမှမဝယ်ဖြစ်ခဲ့ပဲ ဈေးတန်းကို ဆက်လျှောက်သွားတဲ့အခါ သုံးလွှာအထပ်လောက်ထိ အပေါ်တက်ပြီး ဝယ်ရတဲ့ ဆိုင်လေးတွေမှာ လိုချင်တာလေးတွေ ရှာခဲ့တာပါ။

အဲ့ဆိုင်တွေက ခေါင်းအစ ခြေအဆုံး ဈေးတန်တန်နဲ့ ရောင်းချပေးတာဖြစ်တဲ့အပြင် တစ်ချို့ဆို Discount ပါချထာပေးသေးတာပါ။အဲ့ဒီကနေ မျက်မှန်တွေ၊ leopard print flat လေးတွေ ဝယ်ဖြစ်ခဲ့တာ သတိရမိသေးတယ်ရှင်။

21032898 1378464252273644 8562428992596240574 n21150176 1378464302273639 7224723130290896519 n

တကယ်တော့ Harajuku fashion design တွေကို လေ့လာကြည့်မယ်ဆိုရင် အဲ့ဒီကလူငယ်တွေရဲ့ street wear ဒီဇိုင်းတွေဟာ ရှုပ်နိုင်သမျှ ခပ်ရှုပ်ရှုပ်လေး ဝတ်မယ်၊ ကာလာစုံ ဒါမှမဟုတ် လုံးဝတစ်ရောင်တည်းတွေကိုသာ ရွေးမယ်။ ကာလာဆိုလည်း ကာလာအတောက် အဖျော့ကိုမှ ကာလာအဆန်းကြီးတွေ ဝတ်တတ်ကြပါတယ်။ Boot တွေ Heel တွေ Shoe တွေဆိုလည်း အမြင့်အထူတွေသာ ရွေးချယ် တတ်ကြတာ သတိပြုမိပါတယ်။ ဆံပင်ကာလာ အရောင်ဆန်းတွေ ဆိုးရတာ သဘောကျတဲ့ သူတို့ဟာ accessory တွေကိုလည်း ရှုပ်နေအောင် ဝတ်ဆင်တတ်ကြသူတွေပါ။

ကိုယ်ဝတ်ဆင်ထားတဲ့ ဖက်ရှင်အပေါ် ဘယ်တော့မှ သံသယမဝင်တတ်သလို ယုံကြည်မှုအပြည့်ရှိတဲ့ သူတို့တွေကြောင့် Harajuku fashion ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးရတာလို့ ထင်ပါတယ်။ မေသော်ကတော့ နောက်တစ်ခါ တိုကျိုကို ဘယ်လို အကြောင်းမျိုးနဲ့ ထပ်ရောက်ဖြစ် ရောက်ဖြစ် ဒီနေရာလေးကိုတော့ ရောက်အောင်ထပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဖက်ရှင်ချစ်သူတွေလည်း တိုကျိုရောက်ဖြစ်ခဲ့ရင် အဲ့ဒီနေရာလေးကို မရောက်ရောက်အောင် သွားခဲ့ပါလို့ တိုက်တွန်းပါရစေရှင်။

21078434 1378464172273652 6402854874182193567 n21034702 1378463905607012 4439800828193038997 n

source:i am fashion 

၅၆
ဆက်စပ်ဖတ်ရှုရန်ဆောင်းပါး အောက်ပါလင့်ခ်ကို နှိပ်ပါ

ဟာရာဂျုကု၊ Cream Soda ၊ Milk
http://www.textiledirectory.com.mm/articles/item/261-cream-soda-%E1%81%8A-milk.html


၅၈
ဆက်စပ်ဖတ်ရှုရန်ဆောင်းပါး အောက်ပါလင့်ခ်ကို နှိပ်ပါ

ဂျပန်မှ Genderless boys များ
http://www.textiledirectory.com.mm/articles/item/247-genderless-boys.html


၅၈
ဆက်စပ်ဖတ်ရှုရန်ဆောင်းပါး အောက်ပါလင့်ခ်ကို နှိပ်ပါ

ဂျပန် လမ်းပေါ်မှ ဖက်ရှင်
http://www.textiledirectory.com.mm/articles/item/242-japan-genderless-hot-style.html

Read 1511 times
Rate this item
(0 votes)